ဒေါ်အောင်ဆန်းစုကြည် အာဇာနည်ဗိမာန်မှာ ဂါရ၀ပြု


ယနေ့ နံနက်ပိုင်းက အာဇာနည်ဗိမာန်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)

မကြာခဏ ထိန်းသိမ်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်က အစိုးရ ကြီးမှူးကျင်းပသော အာဇာနည်နေ့ အခမ်းအနားကို ၉ နှစ် အတွင်း ပထမဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။

ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ 


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ဒိန်းမတ်ကျောင်းသားများသည် ပုံတွင်တွေ့ရသည့်အတိုင်း ဓါတ်ပုံ မှတ်တမ်းတင် အရိုက်ခံရသည်ကို သိရှိလိုက်ပါတော့သည်။ ဓါတ်ပုံ - Line Skovlund Larsen

(Line Skovlund Larsen သည် ၁၁ ဦးပါ ဒိန်းမတ်ကျောင်းသား အဖွဲ့နှင့် လိုက်ပါလာသည့် ကျောင်းသူ ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေးကောလိပ် ကျောင်းသင်ခန်းစာ၏ အစိတ်အပိုင်းတခု အနေနှင့် ယခုနှစ် ဧပြီလဆန်းတွင် ဆရာနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ၁ဝ ရက်ကြာခရီး လာရောက် လေ့လာခဲ့ခြင်း ဖြစ်သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာ ပြန်ဆိုထားခြင်း ဖြစ်သည်။)

ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ထဲ ကျမတို့ ဒိန်းမတ် ကျောင်းသားအုပ်စု ဆရာတွေနဲ့အတူ ဝင်လာတော့ နေတောင် အတော်မြင့်နေပါပြီ။ လွန်ခဲ့တဲ့ ရက်တွေအတွင်း ကျမတို့တွေ့ဆုံဆွေးနွေးခဲ့သမျှ ပြောဆိုဆွေးနွေးကြဖို့ပါ။

 ကျမတို့လည်း မြက်ခင်းပေါ် ဝိုင်းထိုင်လိုက်ကြပြီး မှတ်စု စာအုပ်တွေကို ထုတ်၊ အပူဒဏ်ကို အမှုမထားဘဲ စတင်ဆွေးနွေးကြပါတယ်။

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း 

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)
 
ရန်ကုန် (မဇ္ဈိမ)။     ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။
 
တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြားလိုက်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာအမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက်မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆိုသုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ  သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။

“အစိုးရသစ်နဲ့ စမ်းကြည့်နေတာ” (ကာတွန်း ဟန်လေး - ဧရာဝတီဝက်ဘ်ဆိုက်)

သင်္ကြန်နှစ်ကူးမှာ ဒေါ်စု လူထုကိုနှုတ်ဆက်


Add caption
မနေ့က မဟာသင်္ကြန်အတက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန်ရေကစားသူတွေကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေးဆောင်ရွက်ပေးသူတွေ ၀န်းရံပြီး နေအိမ် ခြံဝန်း ထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလို ကိုယ်တိုင် ခြံပြင်ထွက်ပြီး၊ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။
လမ်းသွား လမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်လို့ ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန်စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် အမေရိကန်သမတ ရွေးချယ်



အမေရိကန် သမ္မတ အိုဘားမားမှ ၄င်း၏နိုင်ငံခြားရေးရာမူဝါဒများကို အကြံပေးအဖြစ် Mr. Derek Mitchell အား ခန့်အပ်ရန် ရွေးချယ်ထားပါသည်။ ထိုအသစ်ခန့် အပ်လိုက်သော ရာထူးမှာ သံအမတ် အဆင့်နှင့် တန်းတူရှိမည်ဖြစ်ပြီး ဥပဒေပြုသူများ မှ တောင်းဆိုနေသည်မှာ အချိန်အတန်သင့်ရှိနေပြီး ဖြစ်ပါသည်။ Mr. Derek Mitchell ၏တာဝန်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်၏နိုင်ငံခြားရေးရာ မူဝါဒများကို အသစ်ပြန်လည် သုံးသပ်နိုင်ရန် နှင့် အိုဘားမားအား အကြံပြုရန်တို့ ဖြစ်သည်။ Mr. Derek Mitchell သည်အာရှဆိုင်ရာ ရေးရာများကို လည်းနှံ့ စပ်သူဖြစ်သည်။